Imperial Garden Vegetables Soup (Sūpa Byāñjana)
သူပဗျဉ္ဇန နန်းသုံး ဟင်းရွက်စုံဟင်းချို
Background History
နောက်ခံ သမိုင်း
"ကျွန်တော်တို့ နန်းသုံးတော်ဝင်ဟင်းလျာတွေကို တော်တော်များများတင်ပြပြီးဖြစ်လို့ ရိပ်မိပြီးသားလဲဖြစ်မှာပါ။ နန်းတွင်းအစားအစာလို့ဆိုတာနဲ့ အများစုက ယနေ့ခေတ်လို ဆီပြန်နေတဲ့ မြန်မာဟင်းတွေကိုပဲ မြင်တတ်ခဲ့ကြပါတယ်။ တကယ်က နန်းတွင်းပွဲတော်တွေမှာ ဆီပျားကိုတောင် အများကြီးသုံးမထားပါဘူး။ အချိုမှုန့်၊ ဟင်းခတ်မှုန့်တွေလည်း မပေါ်သေးတော့ ရှေးမြန်မာတွေမှာ ဝတယ်ဆိုတာ ရှားပါတယ်။"
"တော်ဝင်မိသားစုတို့ရဲ့ ဓါတ်ပုံတွေ ကြည့်ရင်သိနိုင်မှာပါ။ ကျွန်တော်တို့ ဘိုးဘေးတွေဟာ ကိုယ်ကြပ် သိုရင်း၊ ထိုင်မသိမ်းတွေဝတ်ထားတာတောင် အဆီပိုမမြင်ရတဲ့အထိ သွယ်လျခဲ့ကြပါတယ်။ နန်းတော်အတွင်းမှာလည်း ညနေလေးနာရီကျော်ရင် ပွဲတော်တည်လေ့မရှိတာကို သတိထားမိပါတယ်။ 'မျက်စိအကျင့် ဝမ်းအချင့်' ဆိုသလို ခြိုးခြံခြင်းမျိုး သို့မဟုတ် နန်းဓလေ့အရ လိုတာထက်ပိုပြီး စားလေ့မရှိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။"
"ဒီလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟင်းချက်နည်းတွေနဲ့ သေချာပြင်ဆင်ချက်ပြုတ်တဲ့အပြင်, ဒေါက်တာသန်းထွန်းစုစည်းပြီး ဘာသာပြန်ထားတဲ့ အမိန့်တော်ပြန်တမ်းတွေမှာလည်း ပွဲတော်ဖိုဆောင်အတွက် မဟာမင်းထင်စည်သူ စကုမြို့စား စားတော်ဝန် ဦးပေါ်စော ကိုယ်တိုင် ကျွန်းနှစ်ကျွန်းမှာ ဟင်းသီးဟင်းရွက်တွေစိုက်တာကို ဦးစီးရတယ်လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။ ဒါကြောင့်လည်း ပွဲတော်ဖိုဆောင်မှာ အရည်အသွေးမြင့်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကုန်ကြမ်းပစ္စည်းတွေကိုသုံးပြီး ပွဲတော်စာတွေကို ချက်ပြုတ်ခဲ့ကြတာကို မှန်းဆလို့ရပါတယ်။"
"ဒီလိုထဲက ဟင်းပွဲလေးတခုကတော့ 'သူပဗျဉ္ဇန' ဆိုတဲ့ ဟင်းရွက်စုံဟင်းချို ချက်နည်းလေးတခုကတော့ တမူထူးခြားနေပါတယ်။ စားတော်ချက်ကျမ်းမှာလည်း မှတ်တမ်းကျန်ခဲ့တာဖြစ်ပြီး, မြန်မာပြည်အနှံ့ မှာတွေ့ရတဲ့ ဟင်းရွက်စုံချက်နည်းတွေနဲ့လည်း ဆင်တူနေတာကိုလည်း တွေ့ရပါတယ်။ ပါဠိ နာမည်ကို ဘာသာပြန်လျှင် 'သူပ' ဆိုတာ ဟင်းချိုလို့ အဓိပ္ပာယ်ရပြီး, 'ဗျဉ္ဇန' ဆိုတာ ဟင်းလျာ ပဲဖြစ်ပါတယ်။ စားတော်ချက် ကျမ်းမှာတော့:"
"သူပဗျဉ္ဇန - ဟင်းချို ချက်နည်း (၆၅)။ ပဲလွန်းရွက်အညွန့်, ဗူးရွက်အညွန့်, ဖရုံရွက်အညွန့်, ပြည်ပန်းရွှေညွန့်, ခဝဲညွှန့် - ၄င်းအညွန့်တို့ကို ဆေးကြော၍ထား၊ ဟင်းရည်ကိုကျက်အောင်ချက်၊ ငါးမှာ အသားကိုမီးဖုတ်၍ ဟင်းအင်အားကိုထောက်၍ထည့်၊ ငါးရံ့ဖြစ်စေ, ငါးခူဖြစ်စေ, ငါးသိုင်းဖြစ်စေ, ငါးမွေဖြစ်စေ - ၎င်းငါးစိမ်းကို မီးကျီးပေါ်မှာတင်၍ဖုတ်၊ အရိုးကိုပစ်၊ အသားကိုခတ်၊ ရေကျက်လွန်းလျှင် ဟင်းဖန်သည်။ ရေတော်သည်ကာလ ဟင်းရွက်ကိုခတ်၊ မွှေဖန်များစေ။ သူပဗျဉ္ဇန - ဟင်းချိုချက်နည်း ပြီး၏။"
"ရတနာပုံမ်ရဲ့ ဟင်းရွက်စုံဟင်းချိုကို 'သူပဗျဉ္ဇန' လို့ခေါ်ပြီး သျှမ်းဟော်နန်းတွေမှာတော့ 'ဖတ်တီးတော့' လို့ ခေါ်ပါတယ်။ သျှမ်းပွဲတော်တွေမှာ ပဲပုတ်ကို သုံးထားပြီး, ရတနာပုံမ်က ဗမာပွဲတော်မှာတော့ ငါးကင်ကိုသုံးထားတာဖြစ်ပြီး, ချက်နည်းအရမ်းမကွဲပြားပါဘူး။ ပွဲတော်စာတွေမှာ ဆန်းဆန်းပြားပြား ချက်ရတာတွေရှိသလို ဒီလို ရိုးရိုးရှင်းရှင်းလေးနဲ့ ရာသီပေါ်အသီးအရွက်လေးတွေကို သုံးပြီးချက်ရတဲ့ ဟင်းပွဲလေးတွေကလည်း တော်ဝင်မိသားစုအတွက် အရသာမျိုးစုံကို ပေးစွမ်းနိုင်ကာ ပွဲတော်အုပ်တွေကို မြိုင်ဆိုင်စေခဲ့မှာ မလွဲပါဘူး။"
"While many dishes from Myanmar's royal court are now celebrated as part of our culinary heritage, the phrase “Burmese Imperial Cuisine” often conjures modern images of rich, glistening curries swimming in oil. This perception, however, dissolves when we turn to the historical records. The court kitchens of Konbaung championed a philosophy of moderation, using oil sparingly even in the most opulent feasts. Artificial seasoning powders were yet unknown, and flavor enhancers of any kind were a rarity."
The evidence for this culinary restraint is twofold, found not only in preserved recipes but also in the slender physiques of the royals themselves. Ancient royal portraits depict graceful figures defined by tightly wrapped silks and long sashes, their physiques lean and free from excess. This discipline was enshrined in daily practice; within the palace, feasts were seldom held after four in the afternoon, honoring the timeless maxim, “Discipline of the eyes, discipline of the stomach.” In accordance with royal customs, indulgence never strayed beyond necessity.
Royal cuisine was therefore a masterful blend of health, discipline, and artistry. This commitment to freshness is vividly illustrated in records translated by the esteemed historian Dr. Than Tun. These documents reveal that the Minister of the Imperial Kitchen, Maha Min Htin Sithu U Paw Saw, the Lord of Sagu, was commanded to cultivate vegetables on two dedicated islands, ensuring a constant supply of pristine vegetables for the court. The palace kitchens, it is clear, relied on the finest ingredients to craft food that nourished both body and spirit.
Perhaps no dish better embodies this ethos than Sūpa Byāñjana (သူပဗျဉ္ဇန), a delicate, clear vegetable soup. Its method, preserved in the Imperial Culinary Treatise, is a direct ancestor of the humble mixed-vegetable soups cherished across Myanmar today. When translated from Pāli, Sūpa means ‘soup,’ while Byañjana refers to ‘curry’ or ‘dish.’ The instructions, notable for their elegant simplicity, read as follows:
"Sūpa Byāñjana – Soup Recipe: Wash and prepare the tender leaves of cowpea, bottle gourd, pumpkin, glossy shower, and ridge gourd. Boil water for the broth. Roast your choice of fish on charcoal fire — whether snake-head fish, cat fish, catla fish, or spotted spingeel fish — then remove the bones, take the flesh, and add it to the soup to enrich its flavor. When the water reaches a boil, add the leafy vegetables and stir the pot. When the broth is fragrant and the flavors are balanced, the soup is complete."
In the royal city of Yadanabon, this creation was known as Sūpa Byāñjana. Yet its identity was fluid, adapting to local tastes. In the courts of Shan Saophas, it was called Phat Ti To. While the Burmese feasts of Yadanabon favored the clean savor of roasted fish, Shan preparations introduced the earthy depth of fermented bean paste. Though the variations were subtle, the essence was unchanged: a humble mix of seasonal leaves, masterfully elevated into a dish fit for a noble table.
Amidst the elaborate inventions of palace fare, such simple soups served as a quiet counterpoint. They provided balance, offering wholesome flavors, profound nourishment, and a sense of quiet delight. They were a testament to the belief that the finest royal banquets were measured not just by their grandeur, but by their harmony and grace.
Ingredients
ပါဝင်ပစ္စည်းများ-
• Assorted Tender Leaves
(Cowpea, Bottle Gourd, Pumpkin, Ridge Gourd)
ပဲလွန်း၊ ဗူး၊ ဖရုံ၊ ခဝဲ (အညွန့်များ) -
• Glossy Shower Shoots
ပြည်ပန်းရွှေညွန့် -
• Roasted Fish (Snakehead/Catfish)
ငါးရံ့ (သို့) ငါးခူ မီးဖုတ် -
• Salt (to taste)
ဆား (အနည်းငယ်)
Method
ပြုလုပ်နည်းWash and prepare all tender leaves. Grill the fish over a charcoal fire until fragrant, remove the bones carefully, and keep only the flesh. Boil water in a pot. Once boiling, add the fish flesh to enrich the broth. Finally, add the vegetables and stir. Do not overcook.
အရွက်အညွန့်များကို ဆေးကြော၍ထားပါ။ ငါးကို မီးကျီးပေါ်မှာတင်၍ဖုတ်၊ အရိုးကိုပစ်၊ အသားကိုနွှာယူထားပါ။ ဟင်းရည်ကိုကျက်အောင်ချက်ပြီး ငါးအသားကိုထည့်ပါ။ ရေပွက်ပွက်ဆူလာလျှင် ဟင်းရွက်များကိုခတ်၍ မွှေပေးပါ။
0 comments